မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ ရာသီဥတုဒဏ်ကိုကြံ့ကြံ့ ခံနိုင်သော စိုက်ပျိုးရေးစနစ်အတွ က် ဒေသခံများ၏စွ မ်းဆောင်ရည်ပိုမိုအားကောင်းစေရေး

By: 
Khin La Pyaye Win
Posted in: 

လေးစားရပါသော လူကြီးမင်းများရှင့်,

 

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် ရာသီဥတုပြောင်းလဲမှု၏ဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည်။ ၎င်းတို့အနက် အစားအစာနှင့် အာဟာရအပါအဝင် အသက်မွေးဝမ်းကျောင်းမှုကို စိုက်ပျိုးရေးအပေါ်တွင် မှီခိုနေရသော ကျေးလက်နေဆင်းရဲသား မိသားစုများမှာ ထိခိုက်ခံရဆုံးဖြစ်သည်။ ထိုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သော စိုက်ပျိုးရေးနည်းစနစ်များ ပေါ်ထွန်းလာစေရန် လယ်သမားငယ်များနှင့် တခြားထိခိုက်လွယ်သောမိသားစုများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် အလွန်အရေးကြီးပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သော စိုက်ပျိုးရေးစနစ် ရေရှည်တည်တံ့စေရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ကဏ္ဍစုံမှပါဝင်ပတ်သက်သူများမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများအကြား  အလေ့အကျင့်ကောင်းများနှင့် ရရှိခဲ့သော သင်ခန်းစာများကို ပြန်လည်မျှဝေခြင်းသည် စည်းလုံးမှုနှင့် အဖွဲ့လိုက် လုပ်ဆောင်ခြင်းကို အားကောင်းလာစေရုံသာမက ကြိုးပမ်းအားထုတ်မှုအလုံးစုံ၏ အမြင့်ဆုံးအကျိုးရလဒ်ကိုလည်း ရရှိစေနိုင်ပါသည်။

၎င်းအကြောင်းအရာများကို အခြေခံ၍ အောက်ဖော်ပြပါ ဆွေးနွေးပွဲ အဓိကအချက်သုံးခု အပေါ်တွင် သင်၏တင်ပြဆွေးနွေးမှုများနှင့် မှတ်ချက်ပေးခြင်းများကို ဖိတ်ခေါ်အပ်ပါသည်။

(၁)        မြန်မာနိုင်ငံတွင်ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သောစိုက်ပျိုးရေး အတွက် ဒေသခံများ၏ စွမ်းဆောင်ရည်မြှင့်တင်ရာတွင် စီမံကိန်းဆိုင်ရာ အလေ့အကျင့်ကောင်းများ (သို့) အောင်မြင်မှုမှတ်တိုင်များ။

(၂)        ၎င်းစီမံကိန်း (သို့) စီမံချက်များမှရရှိလိုက်သောသင်ခန်းစာများ။

(၃)        ပိုမိုတိုးပွားလက်ခံကျင့်သုံးနိုင်စေရန် ၎င်းအလေ့အကျင့်ကောင်းများ/ အောင်မြင်မှုမှတ်တိုင်များကို မည်ကဲ့သို့ တိုးမြှင့်နိုင်မည်နည်း။ (ဥပမာအားဖြင့်…..ဒေသကြီးတစ်ခုလုံး (သို့) အလယ်ပိုင်းဒေသကြီးကို အကျိုးဖြစ်ထွန်းစေရန်)

ပေးပို့ထားပြီးဖြစ်သောနောက်ခံအကြောင်းအရာ အချက်အလက်များကိုလည်း ကိုးကားနိုင်ရန် ပြန်လည်တင်ပြထားပါသည်။

သင်၏ နှစ်လိုအားရ ပါဝင်ဆွေးနွေးမှုကို မျှော်လင့်ပါသည်။ ၂၀၁၆ ခုနှစ် မေလကုန် တွင် ကျင်းပမည့် ကဏ္ဍစုံပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲ အကြောင်းအရာများနုင့် ဆက်စပ်နေသော အဖွဲ့အစည်းဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် အောင်မြင်မှုမှတ်တိုင်များကို ဖော်ထုတ်ဆွေးနွေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်သည်။ ဤအွန်လိုင်းဆွေးနွေးပွဲအတွင်း နှစ်လိုအားရ ပါဝင်ဆွေးနွေးသူအချို့အား ကဏ္ဍစုံပါဝင် ပတ်သက်သူများ၏ ဆွေးနွေးပွဲသို့ တက်ရောက်၍ ယခုတင်ပြခဲ့သော အောင်မြင်ခဲ့သည့် စီမံကိန်း/စီမံချက်များကို ဆွေးနွေးပေးနိုင်ရန်လည်း      မျှော်လင့်ပါသည်။ ဤဆွေးနွေးပွဲကို ၂၀၁၆ခုနှစ်၊  မေလ (၁၁)ရက်နေ့အထိ နှစ်ပတ်ကြာ ကျင်းပသွားမည်ဖြစ်သည်။

 

ခင်လပြည့်ဝန်း

ပေါင်းစုလုပ်အား ကူညီပေးရေးအဖွဲ့ (NAG)

စီစဉ်ဆောင်ရွက်သူ

Attach File: 

18 Comments

Si Thu Htun's picture

Si Thu Htun

ကျွန်တော်က ပေါင်းစုလုပ်အား အကူအညီပေးရေး အဖွဲ့ (NAG) ၊ Magway, Dry Zone မှ Regional Food Security Governance Project မှ Project Coordinator တစ်ယောက်ဖြစ်ပါတယ်။ အခုလိုမျိုး Online မှာ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ ခံနိုင်သော စိုက်ပျိုးနည်းစနစ်အကြောင်းအရာများနဲ့ ပါတ်သက်၍ ဆွေးနွေးခွင့်ရသည့်အတွက် အထူးပဲ ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဇုံမှာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ယောက်ဖြစ်သည့် အပြင်၊ လက်ရှိစီမံကိန်းအနေနဲ့ကလည်း Indigenous Best Practice နဲ့ပါတ်သက်၍ ဒေသရာသီတုနဲ့ လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးနည်းစနစ်များနဲ့ ပါတ်သက်၍ စံပြစိုက်ကွက်များကို ၂၀၁၅ခုနှစ်တွင် ဆောင်ရွက်ခဲ့ပါတယ်။ ဒီမကွေးတိုင်းဒေသရဲ့ အဓိက ပြသနာကတော့ မိုးခေါင်ခြင်း၊ ရာသီဥတုမမှန်ခြင်း တို့ဖြစ်ပါတယ်။ အဲဒါကြောင့် စံပြစိုက်ကွက်များတွင် နှမ်းသီးနှံနှင့် ပဲစဉ်းငုံ သီးနှံအား သီးညှပ်စိုက်ပျိုးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်၊ သြဂုတ်လတွင် မိုးရွာသွန်းမှုများပြားခဲ့ခြင်းကြောင့် အချို့သောနှမ်းခင်းများမှာ ရေအိုင်/ဝပ်ခြင်းကြောင့်၊ နှမ်းပင်များပွင့်သီးချိန်တွင် မိုးသည်ထန်စွာရွာသွန်းခြင်း တို့ကြောင့် အထွက်နှုန်းများကျဆင်းခဲ့ရပါသည်။ အချို့တောင်သူများမှာ လုံးဝရိတ်သိမ်းရမှု မရှိခဲ့သည့် တောင်သူများလည်း ရှိခဲ့သည်။ သို့သော် ပဲစဉ်းငုံနှင့် သီးညှပ်စိုက်ပျိုးခဲ့သည့် တောင်သူများမှာ နှမ်းအထွက် လျော့နည်းခဲ့သော်လည်း ပဲစဉ်းငုံမှာ အထွက်နှုန်းမှန်ခဲ့သောကြောင့် စိုက်စရိတ်ကာမိသည့်အပြင် အကျိုးအမြတ်များလည်း ရရှိခဲ့သည်။ အဲဒီမှာ Evidence Result အရကတော့ သီးနှံကို တစ်မျိုးတည်း (Mono cropping) အနေနဲ့ မစိုက်ပျိုးဘဲ၊ ပဲစဉ်းငုံကဲ့သို့သော ရာသီဥတုဒဏ်ခံနိုင်သော သီးနှံမျိုးကို သီးညှပ်အနေဖြင့် အပူပိုင်းဇုံတွင် ထည့်သွင်းစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်းအပြင်၊ ဂရုစိုက်ရမှုသက်သာခြင်း၊ ပဲစဉ်းငုံပင်မှ ထွက်ရှိလာသော အစိတ်အပိုင်းများအားလုံးသည် နွားစာ၊ လောင်စာထင်း စသည့်ကိစ္စများတွင် အသုံးပြုနိုင်ခြင်းကြောင့် သဘာဝပါတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်သည့်အတွက် တောင်သူများအတွက် အကျိုးမြတ်ကိုဖြစ်ပေါ်စေပါသည်။
Htay Naing's picture

Htay Naing

ကျွန်တော်က ချက်စ်ဗွီရှေ့သို့စီမံကိန်းက စီမံကိန်း မန်နေဂျာ တာဝန်ယူထားသူ ဌေးနိုင်ပါ စီမံကိန်းရည်မှန်းချက်တွေအရမျိုးစေ့နှင့်စိုက်ပျိုးရေးမွေးမြူရေးသွင်းအားစု အချို့ထောက်ပံ့တာတွေအပြင် မြေဆီလွှာထိန်းသိန်းရေးနှင့်ရေရရှိရေးလုပ်ငန်းတွေကိုပါဆောင်ရွက်နေပါတယ် လုပ်ထားခဲ့သမျှတွေထဲမှာ မြေဆီလွှာထိန်းသိမ်းရေးက ပိုမိုအရေးကြီးနေတယ်လို့ သတိပြုမိတယ် ကျန်တာတွေလညူ်း အရေးမကြီးဘူးလို့ မဆိုလိုပါ လတ်တလော မျက်စေ့အောက်တင် ဖြစ်နေတာက မြေဆီလွှာတွေ တနေ့တခြားပိုပို ပျက်နေတာ သိသိသာသာဘဲ ဘာတွေလုပ်ကြမလဲ ရာသီဥတုပြောင်းလဲမှု ဘယ်လိုကြံ့ကြုံခံကြမလဲ ဒီဆွေးနွေးပွဲကနေ ဖော်ထုတ်နိုင်ဖို့ကိုမျှော်လင့်ပါတယ်
Si Thu Htun's picture

Si Thu Htun

စောစောက ကျွန်တော်ဆွေးနွေးတဲ့အကြောင်းအရာက Cropping Pattern နဲ့ပါတ်သက်၍ ဆွေးနွေးခြင်းဖြစ်ပါတယ်။ သို့သော် ဒီဒေသရဲ့အကြီးမားဆုံးပြသနာက မိုးခေါင်ခြင်း/ရာသီဥတုမမှန်ကန်ခြင်းက အဓိကဖြစ်ပါတယ်။ ဒီပြသနာကို ခုခံတွန်းလှန်နိုင်ဖို့၊ ကြံ့ကြံ့ခံနိုင်ဖို့ဆိုရင် မြေဆိုလွှာကို ပြုပြင်နိုင်ဖို့က အဓိကအရေးဆုံး လိုအပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီမံကိန်းအနေနဲ့ မင်းဘူးဘက်ရှိ ကျေးရွာပေါင်း (၂၇)ရွာမှာ တောင်သူ (၈၁)ဦး၏ ယာမြေနမူနာများကို မြေအသုံးချရေးဌာန၏ ဓါတ်ခွဲခမ်းသို့ ပို့၍ စမ်းသပ်ခဲ့ပါသည်။ အဲဒီမှာ သစ်ဆွေးဓါတ်ပါဝင်မှုက အလွန်နည်း=၅၉ ခု(၇၂.၈%) နှင့် နည်း=၂၂ခု(၂၇.၁၆%) အထိ လျော့နည်းနေတာကို တွေ့ရပါသည်။ မကွေးဘက်မှာရှိသော သဲဆန်သော မြေများတွင် Organic Carbonမှာ Low & Not detected ရလဒ်များကို တွေ့ရှိရပါသည်။ အဲဒီတော့ မြေဆီလွှာထဲမှာ သစ်ဆွေးဓါတ်ပါဝင်မှုတွေလျော့နည်း လာနေသည့် မြေဆီလွှာထိန်းသိမ်းရေးအတွက် Contour Bund, Soil Bund တွေလုပ်ရုံနဲ့ မလုံလောက်နိုင်ပါဘူး။ ဒီနည်းစနစ်က မိမိယာထဲက မြေဆီလွှာတွေကို Water erosion မဖြစ်အောင်၊ အခြားအကွက်များထဲကို ပါမသွားအောင်တော့ တားဆီးနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ယာမြေသည် လျောစောင်းဖြစ်နေသည် ဆိုပါက မြင့်သောနေရာမှာ မြေမှုန်များသည် ရေနှင့်အတူ အောက်မှာ ပြုလုပ်ထားသည့် ကွန်တိုကန်သင်းပြုလုပ်ထားသည့်နေရာ အထိတော့ ပါသွားမည်ဖြစ်ပါသည်။ ထိုအခါ အပေါ်ပိုင်းမှ မြေဆီလွှာတိုက်စားခြင်းခံရသော နေရာတွင် အပင်များဖြစ်ထွန်းမှု အားနည်းသည်ကို တွေ့ရှိရမှာ ဖြစ်ပါသည်။ မြေဆီလွှာတစ်ခု၏ သီးနှံထုတ်လုပ်နိုင်မှုစွမ်းအားသည် အဲဒီမြေဆီလွှာမှာရှိသော သစ်ဆွေးဓါတ်ပါဝင်မှုနှင့် တိုက်ရိုက်ဆက်စပ်နေပါတယ်။ မြေကြီးထဲမှာရှိသော သစ်ဆွေးဓါတ်ပါဝင်မှုကို လွှမ်းမိုးနေသော/မူတည်နေသော အချက်များ၊ များစွားရှိပါတယ်။ (အပူချိန်၊ မိုးရေချိန်၊ မြေမှုန်ပေါင်းစပ်မှု၊ ရေထုတ်စနစ်၊ ထွန်ယက်၍ သီးနှံစိုက်ပျိုးခြင်း၊ သဘာပေါက်ပင်ပေါက်ရောက်မှု) အစရှိသဖြင့်ပေါ့… ဒီနေရာမှာ အဓိကထားဖို့လိုတာက သီးနှံစိုက်ပျိုးခြင်း နဲ့ပါတ်သက်သည့် အကြောင်းအရာဖြစ်ပါသည်။ မြေဆီလွှာကို ထယ်ထိုးထွန်မွှေ၍ စိုက်ပျိုးသောအခါ သစ်ဆွေးဓါတ်ပါဝင်မှု လျော့နည်းကျဆင်းသွားစေမှာ ဖြစ်ပါသည်။ အကြောင်းမှာကတော့ -ရိတ်သိမ်းပြီး သီးနှံပင်များ၏ အစိတ်အပိုင်းများ မြေကြီးထဲကို အပြည့်အဝ ပြန်မရောက်နိုင် -ထယ်ထိုးထွန်မွှေခြင်းအားဖြင့် လေဝင်လေထွက်ပိုကောင်းပြီး၊ သစ်ဆွေးဓါတ်အဆွေးမြန်လာကာ ပါဝင်မှု လျော့နည်းခြင်း။ • အဲဒီတော့ တောင်သူတွေက အဲဒီယုတ်လျော့သွားတဲ့ သစ်ဆွေးဓါတ်တွေကို ဘယ်လိုနည်းနဲ့ လုံလောက်အောင် ပြန်လည် ဖြည့်တင်းနိုင်ပါမည်လဲ? • မြေဆီလွှာတွေကို တိုးတက်ကောင်းမွန်လာအောင် ဘယ်လိုပြုလုပ်လာရမည်လဲ? • ဘာကြောင့် ထယ်ထိုးခြင်း၊ ထွန်မွှေခြင်း စသည့်ကိစ္စများကို ပြုလုပ်နေကြပါသလဲ? • ထွန်ယက်မှု အနည်းဆုံး Minimum Tillage စနစ်ကို ကျင့်သုံးပြီး သီးနှံအကြွင်းအကျန်များကို မြေဆီလွှာပေါ်မှာ ဖုံးအုပ်ပြီး စိုက်ပျိုးခြင်းနည်းဖြင့် မြေဆီလွှာတွေတိုးတက်ကောင်းမွန်လာအောင် ပြုလုပ်ရင်ရော မဖြစ်နိုင်ဘူးလား?
Kyaw Swe Lin's picture

Kyaw Swe Lin

The following points should be considered to improve resilience of venerable farmers from central dry zone area; 1. drought tolerant varieties of upland crops and upland rice 2. cultural practices appropriated for dry land farm and sandy soil 3. tillage operation 4. Water saving techniques 5. Agro-forestry and farming system 6. Intercropping system 7. Use of organic matter and green manure 8. Rural energy using biomass Good practices and success story can be seen as an authentic knowledge in dry zone area. Farmers to farmers extension should be strengthen for wider adaption of these empirical knowledge.
Khin La Pyaye Win's picture

Khin La Pyaye Win

ဆရာU Kyaw Swe Lin ရှင့် အကြံပေးမှုတွေ အများကြီးပါတဲ့ ဆွေးနွေးမှုအတွက် Thank You ပါဆရာ။ ဆရာတို့ Department အနေနှင့် CRA နှင့် ပတ်သက်ပြီး သီးခြား စီမံကိန်းရှိပါသလားရှငိ့။ အဲဒီအစီအစဉ်များနှင့်စီမံကိန်းတွေက လယ်သမားများ၏ပညာရေး သို့ သင်တန်းများပြုလုပ်ပေးခြင်း၊ ပိုမိုကောင်းမွန်သောသွင်းအားစုများ (သို့) မျိုးစေ့များထောက်ပံ့ပေးခြင်း၊ အဆင့်မြင့်နည်းပညာများအား သရုပ်ပြပေးခြင်း၊ လယ်ယာကဏ္ဍအတွက် လူမှုအဖွဲ့အစည်း၏ အရည်အချင်းများ (သို့) အခြေခံအုတ်မြစ်များ တည်ဆောက်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်သော အလေ့အကျင့်များ ကျင့်သုံးနိုင်စေရန် ဘဏ္ဍာရေး အထောက် အပံ့များ တိုးချဲ့ပေးခြင်း၊ ထုတ်ကုန်စုပေါင်းဈေးကွက်အား မြင့်တင်ခြင်းတို့ ဆောင်ရွက်ပေးခဲ့ပါသလား? (သို့) ဆောင်ရွက်ဖို့ အစီအစဉ် ရှိပါသလား? ဆရာ့ လုပ်ငန်းအတွေ့အကြုံတွေက ရခဲ့သော သင်ခန်းစာများကို လည်းကြားသိလိုပါတယ်ရှင့်။ Thank you again Sayar ။ လပြည့်
Kyaw Swe Lin's picture

Kyaw Swe Lin

I brought up in rural area and my father is a leading farmer in his community. I would like to share his good practices for monsoon crops such as sesame, ground nut, green gram. Normally, post-harvest ploughing is very common practices for successful growing of pre-monsoon and monsoon crops. Advantages of post-harvesting ploughing are as follow; - improve soil physical structure due to decomposition of crop residues - rain water can be saved by improving water absorbing capacity of soil clod made by ploughing - wind erosion can be prevented - early sowing of monsoon crops by using dry seeded practices Generally, local farmers start land preparation before thingyan. The soil is too hard so, farmers use blunt tooth of the plough in order to avoid injuries of the oxens' shoulder. If they use sharp tooth high vibration can seriously affect to the shoulder of the oxen consequently, rubbing wound at oxen's shoulder is difficult to cure.. Farmers use different types of farm implements and different types of plough i.e 4 toothed plough, 5 toothed plough and long bladed plough. Farmers plough very early morning until 10 am since temperature is too hot. After thingyan, sesame or green gram are sowed by using animal drawn seeders. Low seed rate i.e 6-7 tins of sesame per acre, one fourth basket of green gram is enough because seeder can drill very evenly along furrow. When the first monsoon on set the seeds germinate if April shower occurs with enough moisture of rainfall. Disadvantages of dry seeded system is weed problem because weed germinate together with crops. If three times of rain occur at the growth stages of 2 weeks after sowing, one month after sowing and grain filling stages, sesame and green gram could be harvested. If rain doesn't occur accordingly the crops are buried as green manuring by ploughing or used for animal fodder. By using these practices, farmers can have benefits to the some extent in terms of income and animal feed and soil conservation.
Kyaw Swe Lin's picture

Kyaw Swe Lin

In dry zone, most of farmers knows benefit of inter-cropping, there are different combinations of crops in the inter-cropping. Pigeon pea based inter-cropping is common i.e.; pigeon pea together with sesame or ground nut, green gram, yellow corn, cotton. Some farmers practices mixed cropping with at least three crops. They call it Thone Lwun Tin in Myanmar language. Even in dry zone, soil fertility can differ from one place to another place. Pigeon pea (Shwe Din Gar variety), short staple cotton, horse gram are being grown in marginal soil. Ratooning is a good solution to get marginal yield of pigeon pea and short staple cotton on marginal soil. Even in irrigated area, ratooning is being adopted by farmers to grow long staple cotton since root system already well established under ground which can lead to fast shoot formation at early growth stage of crop. Horse gram is ideal crop which can successfully thrive on marginal land in Bagan, Naung Oo. area. Sorghum plays an important role for animal feed in dry zone area.
Kyaw Swe Lin's picture

Kyaw Swe Lin

Dear Friends, Myanmar Climate Smart Agriculture Strategy is uploaded. Hopefully, it could be helpful to strengthen local capacities in dry zone area.
Kyaw Swar Win's picture

Kyaw Swar Win

ကျနော်ကတော့ စိုက်ပျိုးရေးသုတေသနက ကျေ်စွာဝင်းပါ ပြောင်းလဲလာတဲ့ရာသီဥတုကို ကြံ့ကြံ့ခံနိုင်တဲ့ agriculture system တစ်ခုဖြစ်ထွန်းလာဖို့အတွက် ဘက်ပေါင်းစုံက ပညာရှင်တွေ ၀ိုင်းဝန်းဆွေးနွေးသင့်ပါတယ် crops adaptability, cropping pattern, water and soil conservation, water harvesting, crops economy and market အစရှိသည်ဖြင့် ဘက်ပေါင်းစုံစဉ်းစားဖို့လိုတယ် ဆရာဦးကျေ်ဆွေလင်းဆွေးနွေးထားတာ ကောင်းပါတယ် ကျနော်က မျိုးသမားတစ်ယောက်အနေနဲ့ ဆွေးနွေးချင်တာကတော့ ဒေသမျိုးတွေကို ထိန်းသိမ်းစေချင်တာပါ အများအားဖြင့် land races လို့ခေါ်တဲ့local မျိုးတွေဟာ သူဒေသမှာ ကောင်းစွာဖြစ်မြောက်ရှင်သန်နေတာပါ ဒါကိုအသုံးချပြီး မျိုးမွေးမြူကူးစပ်ရေးလုပ်ငန်းတွေမှာ အသုံးချပြီး ရာသီဥတုဒါဏ်ခံနိုင်တဲ့မျိုးတွေကို မွေးမြူနိုင်မှာပါ နောက်တစ်ခုက giant variety လို့ခေါ်တဲ့ HYV variety တွေ ဈေးကွက်ဝင်အခြားသီးနှံတွေ အစားထိုးစိုက်ပျိုးမှုတွေကြောင့် genetic erosion ဖြစ်ပြီး ဒေသမျိုးတွေ ပျောက်ကုန်ပါတယ် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှူပါ
Si Thu Htun's picture

Si Thu Htun

ဆရာဦးကျော်စွာဝင်း ပြောတာအရမ်းကောင်းပါတယ်။ စိုက်ပျိုးစနစ်အတွက် ဘက်ပေါင်းစုံကနေ ဆောင်ရွက်သင့်တယ်ဆိုတာကိုပါ။ Cropping Pattern နဲ့ပါတ်သက်လို့ အပူပိုင်းဒေသရာသီဥတုနဲ့ ကိုက်ညီမည့် Intercropping Pattern နဲ့ပါတ်သက်၍ ဆွေးထွေးထားပါတယ်။ နောက်ပြီး ဒေသတွင်းမှာ ဒေသရာသီဥတုနှင့် လိုက်ရောညီထွေဖြစ်သော မျိုးများက ဒေသတွင်းမှာရှိနေပါတယ်။ အဲဒီ ဒေသမျိုးရင်း တွေကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်နေပါတယ်။ အဲဒီကိစ္စနဲ့ ပါတ်သက်တဲ့ အတွေ့အကြုံလေးတစ်ခု ပြောပြချင်ပါတယ်။ ၂၀၁၂ ခုနှစ်က မင်းဘူးဘက်မှာ ဆင်း(၄)၊ တပင်တိုင် နှမ်းမျိုးကို (၁၀)ဧက တစ်ကွင်းတစပ်တည်း စိုက်ပျိုးခဲ့ပါသည်။ အဲဒီ ဆင်း(၄)နှမ်းမျိုးက ပွင့်ဖြူခြံမှာ တစ်ဧကကို ၂၄-၃၂တင်းအထိထွက်ရှိခဲ့ပြီး၊ Drip Irrigation နဲ့ စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီနှမ်းမျိုးကို မင်းဘူး ယာမြေဘက်မှာ စိုက်ပျိုးခဲ့တဲ့အခါ နှမ်းဖလံများ ဆိုးရွားစွာကျရောက်မှုဒဏ်ကို ခံရသည့်အပြင်၊ မိုးခေါင်မှုဒဏ်ကို လုံးဝမခံနိုင်ပါဘူး။ အဲဒီတော့ (၁၀)ဧကမှ ၃တင်းဝန်းကျင်လောက်သာ ထွက်ရှိခဲ့ပါတယ်။ အဲဒါကို စိုက်ပျိုးခဲ့တဲ့ တောင်သူတွေအနေနဲ့ကတော့ ဆင်း(၄)ဆိုတဲ့အသံကို မကြားချင်တော့ဘူးလို့တောင် ပြောကြပါတယ်။ ရေသွင်းစိုက်မှာတော့ အထွက်နှုန်းကောင်းတယ်။ အရောင်သန့်တယ်၊ ဈေးပိုရတယ်ဆိုပြီး တောင်သူတွေက အားခဲပြီး စိုက်လိုက်ကျတာပါ။ အဲဒါကြောင့် ဒေသမှာရရှိနေသော Indigenous/ Local Seed တွေကို အဓိကထား Modify လုပ်ပြီး ဒေသရာသီဥတုနဲ့ ကိုက်ညီသော မျိုးတွေကို ထွက်ရှိလာအောာင် ထိထိရောက်ရောက် ဆောင်ရွက်ပေးလျှင် အဆင်ပြေနိုင်မည်ဖြစ်ပါသည်။
Kyaw Swe Lin's picture

Kyaw Swe Lin

Off-farming/ non-farm activities and Agro-forestry in dry zone area Neighboring countries developed and industrialized earlier than Myanmar consequently, young people from rural area of Myanmar go to neighboring countries as immigrant workers which is major reason of labour shortage in rural area of Myanmar. Creating of job opportunity from non-farm and off-farm activities become an important issue to improve resilience of rural people. Backyard animal raising can be a solution in order to create income as well as daily food for rural poor. In Meiktilar plain, many villages are raising animals likes cow, goat and sheep and, poultry by grazing the places where only shrubs and xerophytes can thrive. Some trees such as Kapok(Ceiba pentandra), Zee (Zizyphus jujube), Shaw byu (Sterculia foetida), Thanat kha (limonia acidissima), wild liquorice (Abrus precatorius) can be grown successfully under stress condition but additional irrigation (watering) is necessary at early growth stages. In Windwin township, an agro-forestry system, growing of Shaw byu (Sterculia foetida) and Zee incorporated with seasonal crop i.e.; groundnut until three years of Shaw byu were successfully done by some farmers. These farmers can get income all year round by tapping Shaw byu gum. They graze animals among Shaw byu trees. Growing of Kapok and raising sheep and goat among Kapok plantation can be found in Myin mu township. Further study and thorough study should be conducted to find an appropriate combination agro-forest trees and raising animals to create income from non-farm activities.
Khin La Pyaye Win's picture

Khin La Pyaye Win

ဆရာ U Kyaw Swe Lin ရှင့်- အခုလိုမျိုး တက်တက်ကြွကြွ ဆွေးနွေးမှု အတွက် ကျေးဇူးပါ ဆရာ။ ဆရာကိုယ်တိုင်လည်း လယ်သမားမိသားစုဝင်ဖြစ်တယ်။ ရိတ်သိမ်းပြီးနောက်ပိုင်း ထယ်ထိုးခြင်းရဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့ မုတ်သုံသီးနှံစိုက်ပျိုးမှုအတွက်ကောင်းမွန်ခြင်း၊ မြေဆွေးထည့်ခြင်းတမျိုးဖြစ်ခြင်း၊ မိုးကျလာတဲ့အခါ မိုးရေကိုအလွယ်တကူ စုပ်ယူနိုင်ခြင်း စသည်များကို ဆွေးနွေးပေးတာ ကျေးဇူးပါ ဆရာ။ သင်္ကြန်မတိုင်ခင် မြေပြင်တဲ့အခါမှာလည်း မိရိုးဖလာ ခိုင်းနွားတွေအစား ပိုမိုသင့်တော်တဲ့ တခြားနည်းလမ်းတွေ သုံးနိုင်တဲ့ အကြောင်းဆွေးနွေးတာလည်း မှတ်သားစရာ ကောင်းလှပါတယ်။ ပေါင်းမြက်တွေရဲ့ ပြဿနာ ကိုသတိထားသင့်တယ်ဆိုတာလည်း သိရပါတယ်။ Inter-cropping ကိုကျင့်သုံးတဲ့အခါမှာလည်း အပူပိုင်းဒေသ အတွင်းမှာကိုပဲ မြေအမျိုးအစား အလိုက် သီးနှံများကို ရွေးချယ်တတ်ဖို့ လိုကြောင်းလည်း လေ့လာရပါတယ်။ ဥပမာ- ပုဂံ-ညောင်ဦးမှာ ဆိုရင် Horse gram ဟာအသင့်တော်ဆုံးဆိုတာ သိရပါတယ်။ လယ်ယာလုပ်ငန်း မဟုတ်တဲ့ တခြားပြင်ပ အလုပ်တွေဟာလည်း အလုပ်အကိုင် အခွှင့်အလမ်း ဖန်တီးခြင်း ဖြစ်တဲ့အတွက် လူငယ်လူရွယ်တွေ ပြည်ပကိုသွားရောက် အလုပ်လုပ်တဲ့ နှုန်းထားကို လည်းလျှော့ပြီးသားဖြစ်တယ်ဆိုတာ ဆရာ့ ဆွေးနွေးမှု အရ သိရပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဖက်လုပ်သင့်ကြောင်း၊ ဇီး၊လျှော်ဖြူ၊ သနပ်ခါး များဟာ Dry Zone နှင့် သင့်တော်ကြောင်း၊ ဝမ်တွင်းမြို့နယ်မှာ ဇီး၊လျှော်ဖြူတို့ကို ရာသီအလိုက်သီးနှံဖြစ်တဲ့ မြေပဲ နှင့် တွဲဖက်စိုက်ပျိုးတယ်ဆိုတာတွေကို စုံစုံလင်လင် သိရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ တခြား Contributors တွေရဲ့ ဆွေးနွေးမှု များကိုလည်း ပြန်လည် Comments ပေးပေးပါရန် ပန်ကြား ပါရစေရှင့်။ ဆရာကြီး အချိန်နှင့် စေတနာ အတွက် Thank you again ပါရှင့်။ လပြည့်
kyaw soethan's picture

kyaw soethan

A Famer, U Kyi lives in Sedo village, Mahlaing Township, dry zone Myanmar. He has been growing onion in one hectare of land since his father gave as Legacy situated northern part of village. During his father production time, yield/ha was nearly about 8 ton /ha according to their records. The yield had been declining from 8 to 5 ton under his management due to outbreak of some crops diseases especially in bacterial soft rot and weather changing but he continued production in his farm with onion growing.The yield was decreased not only in his farm but also other farms in villages. Many peoples migrated to other places to get their source of income due to village main crop yield losses. The farmer U Hla said, ‘Our family member moved to Thailand country side as labor and many of village children were dropped out from school become labor.’ Since last decade, weather near my village had also been changing not only time of monsoon but also amount especially in temperature, rainfall, humidity. The farmers in my village became noticed about their changing due to losses of their crops. In 2006, I had been taught about crop rotation and its benefit of prevention on soil depletion, maintaining on soil fertility, reduction on the pests' build-up and prevention on diseases at Yezin Agricultural University Myanmar. When I came back to my home after first semester of 2006 study year, I explained about the advantages of crop rotation to the farmer U Kyi. As soon as he understood my knowledge, he split 1 ha farm into four plots and he rotate that four areas growing onion with tomato, peanut and sunflower. After four years of rotation, he grew the whole area of land with onion and the yield was dramatically increased as his father production time of 8 ton/h. Now all of the villagers are practicing in crop rotation like farmer U Kyi and they can solve the problem of soft rot diseases outbreak in their farm. ‘The village farms income have been increasing and the number of school attendance increased and therefore the migrant farmers backed to village and practicing with crop rotation’ said the farmer U Kyi.
Khin La Pyaye Win's picture

Khin La Pyaye Win

Crop rotation ရဲ့ အကျိုးရလဒ်များအကြောင်း ဆွေးနွေးပေးသွားသော Ko Kyaw Soe Than ကျေးဇူးပါ။ ဒီစနစ်ဟာ အခုလိုမျိုး Climate Change ဒဏ်ကို ခံစားနေရသော Dry Zone အတွက် အင်မတန် အကျိုးများမယ်လို့ ယုံကြည်ပါတယ်။ English Language ကိုသုံးပြီး Participate လုပ်ရတာ Prefer ဖြစ်တယ်ဆိုလည်း ဆက်လက်ပြီး တခြားသောသူများရဲ့ ဆွေးနွေးမှုများကို မိမိနှစ်သက်ရာ Language ကိုသုံးပြီး Comments ပေးခြင်း၊ မရှင်းလင်းသည်များကို မေးမြန်းခြင်းတို့ကိုပြုလုပ်ပေးပါရန် ပန်ကြားပါရစေရှင့်။ လပြည့်
Ko Lwin's picture

Ko Lwin

အားလုံးမင်္ဂလာပါ ရှေးဦးစွာပြောလိုတာက ကျွန်တော်အူကြောင်ကြောင်နဲ့ဒီအပေါ်ရောက်လာတယ်လို့ပြောပါရစေ အရမ်းကျယ်ပြန့်တဲ့ခေါင်းစဉ်တစ်ခုကို အချိန်အနည်းငယ်အတွင်းမှာ အားလုံးခြုံငုံပြီးဆွေးနွေးဖို့ဆိုတာမလွယ်ပါဘူး။ အထူးသဖြင့် ဒီခေါင်းစဉ်နဲ့ပတ်သတ်တဲ့ စီမံကိန်းတွေလည်းမလုပ်ဘူးတဲ့ အတွေ့အကြုံမရှိတဲ့ ကျွန်တော်အတွက်ပိုလို့ခက်ခဲပါတယ်။အဲလိုပြောလို့ ဦးစီးဦးဆောင်လုပ်နေ့တဲ့လူတွေရော၊ ဆွေးနွေးတဲ့လူတွေအပေါ်ကိုမလေးမစားပြောတယ်လို့မထင်စေလိုပါဘူး။ ပိုမိုကောင်းမွန်တဲ့ ဆွေးနွေးဝိုင်းဖြစ်အောင်အကြုံပြုလိုခြင်းသက်သက်သာဖြစ်ပါတယ်။ အားနည်းချက်နဲ့ အကြံပြုချက်ဆိုပြီး ၂ ပိုင်းဆွေးနွေးချင်ပါတယ် အားနည်းချက်များ ၁။ ယခုအခြေအနေအရဆိုရင် ဝင်ရောက်ဆွေးနွေးတဲ့သူက အနည်းငယ်သာဖြစ်တဲ့အတွက် ကန့်သတ်ချက်တွေ များပါတယ်။ ဥပမာအနေဖြင့် တစ်ယောက် က အကြောင်းအရာတစ်ခုကိုကောင်းတယ်လို့ ဆိုတဲ့ဟာကို ကျန်တဲ့လူတစ်ယောက်က မကောင်းဘူးလို့ ပြန်ပြောရတာ ခက်ပါတယ်။ ပြောရရင် Check and Balance မရှိဘူးဖြစ်နေပါတယ်။ အတွေ့အကြုံကိုအခြေခံပြီးပြောတာလို့ချေပလို့ရပေမယ့် ယခုလိုမျိုး အလွန်ကျယ်ပြန့်တဲ့ခေါင်းစဉ်ကိုဆွေးနွေးတဲ့နေရာမှာ အလွန်အရေးကြီးပါတယ်။ မကွေးမှာအဆင်ပြေပေမယ့်၊ သစ်ရာကောက်မှာအဆင်ပြေမယ်လို့သေချာပေါက်မပြောနိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံအနေနဲ့ သုတေသနပြုမှုတွေအားနည်း၊ နည်းပညာဖြန်ဝေမှုမရှိတဲ့ နိုင်ငံတွေအတွက် အလွန်သတိထားသင့်တဲ့အချက်ဖြစ်ပါတယ်။ (Lack of check & balance) ၂။ နောက်တစ်ခုက ပါဝင်ဆွေးနွေးဖို့အတွက် အချိန်အလွန်ကုန်ပါတယ် (Time consuming)။ အဲတော့ကိုယ်ဆွေးနွေးချင်တဲ့အကြောင်းအရာတွေမဆွေးနွေးဖြစ်တော့ဘဲ အရေးကြီးမယ်လိုထင်တဲ့အကြောင်းအရာလေးတွေပဲဆွေးနွေးဖြစ်တဲ့အတွက် အမှန်တကယ်အေ၇းကြီးတဲ့အကြောင်းအရာတွေ ကျန်နေခဲ့နိုင်ပါတယ်။ နောက်ပြီး တချို့ပညာရှင်တွေက ဝင်ရောက်ဆွေးနွေးမှာ မဟုတ်တော့ပါဘူး ဘာလို့လဲဆိုရင် ဒီဆွေးနွေးပွဲရဲ့ရလဒ်က မမြင်သာလို့ (သို့) ဘယ်သူ့ဆီကမှအသိအမှတ်ပြုမှုမခံရလို့ (Invisibility & Lack of appreciation) ၃။ နောက်တစ်ခုအားနည်းချက်က အဓိကရည်ရွယ်ချက်ကနေ သွေဖယ်သွားနိုင်ခြင်း (Deviation from the Target)။ ဥပမာ ကျွန်တော့်လိုလူမျိုးတွေများရင်ပျက်ပြီ။ ခုတ်ရာတခြားရှရာတခြားဖြစ်ပြီ။ အကြံပြုချက် ၁။ ကျွန်တော်တို့ကိုဖြန့်ဝေထားတဲ့ အီးမေးအရ ယခုဆွေးနွေးမှုက အစပထမသာဖြစ်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို လုပ်ဖို့ အစပျိုးခြင်းဖြစ်တယ်ဆိုတာကို သိရပေမယ့်၊ ပိုမိုကောင်းမွန်တဲ့ဆွေးနွေးမှုရလဒ်ကိုလိုခြင်ရင်တော့ ယခုလိုမျိုးဆွေးနွေးတာထက် အားလုံးမဟုတ်တောင် အဓိကပါသင့်ပါထိုက်တဲ့ ဆရာတွေ၊ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေ၊ နောက်ပြီး ပိုးသတ်ဆေးကုမဏီတွေ၊ တောင်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မူဝါဒရေးရာကျွမ်းကျင်သူတွေ နဲ့ ဆွေးနွေးဝိုင်းကို Debate ပုံစံမျိုး ရန်ကုန် (သို့) ရေဆင်း (သို့) အခြားသင့်လျော်ရာနေရာမှာလုပ်သင့်ပါတယ်။ အဲလိုလုပ်တဲ့ဟာကို Video Conferencing လုပ်ပြီး လက်တွေ့မတက်ရောက်နိုင်တဲ့ စိတ်ပါဝင်စားသူတွေကြည့်လို့ရအောင်၊ ပါဝင်ဆွေးနွေးလို့ရအောင်လုပ်သင့်ပါတယ်။ နည်းပညာအခက်အခဲကိုနားလည်ပေမယ့် တကယ်တမ်း NAG လို၊ FSWG လို တက်တက်ကြွကြွလုပ်နေသူတွေအတွက်ဆို ခက်ခဲမယ်မထင်ပါဘူး ဘာလို့လဲဆိုရင် ယခုလိုဆွေးနွေးမှုမျိုးလုပ်နိုင်တယ်ဆိုကတည်းက နည်းပညာအတိုင်းအတာတစ်ခုထိရှိတယ်ဆိုတာသိသာပါတယ်။ ၂။ နောက်တစ်ခုက ဆွေးနွေးတဲ့ခေါင်းစဉ်တွေကိုလည်း သင့်တော်သလိုအမျိုးအစားခွဲပြီး (မြေ၊ မျိုး၊ နည်းပညာ၊ သွင်းအားစု၊ ဈေးကွက်၊ မူဝါဒ) ပြုလုပ်သင့်ပါတယ်။ (Conferencing ပုံစံ Parallel Sections သို့ Debate Series (Farmers' Channel တွဲလုပ်ရင်တောင်ရနိုင်)) ကျွန်တော်တို့ စိုက်ပျိုးရေးသမားအများစု က နည်းပညာအကြောင်းပြောရရင်မိုးအလင်းပြောနိုင်ပေမယ်၊ မူဝါဒနဲ့စီမံခန့်ခွဲမှုအပိုင်းမှာအလွန်အားနည်းတတ်ပါတယ်။ အမှန်တကယ်တော့ နည်းပညာတစ်ခုတည်းနဲ့မရဘူးဆိုတာ တကယ်လက်တွေ့လုပ်ဘူးရင်သိပါတယ်။ အရင်ဝန်ကြီးလက်ထက်မှာ ဝန်ထမ်းတိုင်းနီးပါး အထွက်တိုး အချက်များ (၁၀ ချက်လား ၁၅ ချက်လားမသိပါ) အလွတ်ရပေမယ့် သီးနှံအထွက်မတိုးခဲ့ပါ ကူလည်းမကူညီနိုင်ခဲ့ခြင်းကသက်သေဖြစ်ပါသည်။ ၃။ နောက်တစ်ခုက ဆွေးနွေးပွဲတွေရဲ့ရလဒ်က ဆွေးနွေးပွဲတွင်ပဲပြီးသွားတတ်ကျပါတယ်။ ကျွန်တော်ကတော့ဖြစ်နိုင်ရင် (အထက်ပါအကြံပြုချက်အတိုင်း ဆွေးနွေးပွဲများကျင်းပနိုင်ရင်) ဆွေးနွေးပွဲရလဒ်တွေကို ကဏ္ဍခွဲပြီး ဆွေးနွေးပွဲတက်ရောက်တဲ့ Stakeholder အမျိုးအစားအလိုက် နိုင်ရာတာဝန်ထမ်းနိုင်ဖို့အတွက် ဆွေးနွေးပွဲမပြီးခင်မှာ အစီအစဉ်ရေးဆွဲပြီး (Planning) လုပ်ငန်းတာဝန်ခွဲဝေ (Duty Allocation) သင့်ပါတယ်။ အဲဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အစိုးရ (သို့) NAGလို့ငွေကြေးအင်အား တောင့်တင်းတဲ့အဖွဲ့တွေအနေနဲ့ ရန်ပုံငွေတည်ထောင်ပေးသင့်ပါတယ်၊ ထို့ပြင် ငွေကြေးစီမံခန့်ခွဲမှုနဲ့ အစီအစဉ်အတိုင်းလက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းရှိမရှိ စောင့်ကြည့်လေ့လာ အကဲဖြတ်ဖို့ အားလုံးပါဝင်တဲ့ (Multistakeholder Management Committee) ကိုလည်းဖွဲ့စည်းသင့်ပါတယ်။ အထက်ပါအကြံပြုချက်များအား မြန့်မာစိုက်ပျိုးရေးအပြောင်းအလဲအတွက် NAG အဖွဲ့၏ကျိုးပမ်းမှုအား အားကိုးတကြီးဖြင့်ပြောခြင်းသာဖြစ်ပါကြောင်း ဝန်ခံအကြံပြုအပ်ပါကြောင်းနှင့် လိုအပ်သည့်အကူအညီရှိပါက အားမနာတမ်းပြောနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ လေးစားစွာဖြင့်
Khin La Pyaye Win's picture

Khin La Pyaye Win

ဆရာဦးကိုလွင်ရှင့်- ဝင်ရောက်ဆွေးနွေးမှုအတွက်ကျေးဇူး အထူးတင်ပါတယ်ဆရာ။ NAG နှင့် ဒီဆွေးနွေးပွဲကို ဦးဆောင်သော CAPSA-UNESCAP တို့ တိုင်ပင်ပြီး အောက်ပါအတိုင်း ဆရာ့ဆီကို အကြောင်းပြန်လိုက်ပါသည်။ ဆရာဆွေးနွေးသလို ဒီ Online ဆွေးနွေးမှုမှာ Limitations တွေရှိနေတယ်ဆိုတာ လက်ခံပါတယ်ဆရာ။ ကျွန်မတို့အဖွဲ့အနေနှင့် ဒီ ဆွေးနွေးပွဲဟာ အစိုးရနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းတွေအကြား မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ ရာသီဥတုဒဏ်ကိုကြံ့ကြံ့ခံနိုင်သော စိုက်ပျိုးရေးစနစ်နှင့် ပတ်သက်တဲ့ အကြံဉာဏ်များ၊ အလေ့အကျင့်ကောင်းများကို ဖလှယ်နိုင်တဲ့ အရာလေးတစ်ခု အဖြစ်သာ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးသူများ အနေနှင့်လည်း မိမိတို့ရဲ့ ကိုယ်ပိုင်အယူအဆ အခြေအနေ အပေါ်တွင် အခြေခံ၍သင့်တော်မှုရှိသော အကြံဉာဏ်များ သုံးသပ် ရွေးချယ်နိုင်ပါတယ်။ ဆွေးနွေးတဲ့သူများ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး ခေါင်းစဉ်တွေကိုလည်း သင့်တော်သလိုအမျိုးအစားခွဲပြီး (မြေ၊ မျိုး၊ နည်းပညာ၊ သွင်းအားစု၊ ဈေးကွက်၊ မူဝါဒ) ဆွေးနွေးနိုင်ပါတယ်။ အခုမေလကုန်တွင် ကျင်းပမည့် Multistakeholder dialogue အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နိုင်ရန် လူဦးရေအကန့်အသန့်ကိုသာ ဖိတ်ကြားနိုင်သောကြောင့် တက်ရောက်လာမည့် အစိုးရအရာရှိကြီးများနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံသော အခါ အကြံဉာဏ်များ၊ အလေ့အကျင့်ကောင်းများကို များနိုင်သမျှများများ ရရှိနုင်ရန် စုဆောင်းနေခြင်းသာ ဖြစ်သည်။ မူဝါးဒဆိုင်ရာ စာတမ်းအပါအဝင် တခြားစိတ်ဝင်စားဖွယ်ကောင်းသော Feedback များလည်း တွေ့မြင်ရပြီးဖြစ်သည်။ မေလ (၁၃) ရက်မတိုင်မီ နောက်ထပ် ဆွေးနွေးမှုများကိုလည်း စောင့်မျှော်နေပါတယ်။ ဆွေးနွေးပွဲ ရလဒ်များကို ဘယ်လိုဘယ်ပုံ အကောင်အထည် ဖော်သင့်တယ်ဆိုတာနှင့် ပတ်သက်ပြီး ဆရာ့ရဲ့ အကြံပေးမှု အတွက် ကျေးဇူးပါ ဆရာ။ ဆရာပြောတဲ့ လုပ်ဆောင်သင့်ပုံများကို မှတ်သားထားပြီး NAG ရဲ့ Senior Management Team အစည်းအဝေးများမှာ ဆွေးနွေးနိုင်ဖို့ရန် တင်ပြပေးသွားပါ့မယ်လို့ ကတိပေးပြောကြားလိုပါသည်။ Thank you again ပါဆရာ။
Si Thu Htun's picture

Si Thu Htun

ဟုတ်တယ်ဗျာ...ကိုလွင်..ဆရာပြောတာ...အရမ်းကောင်းပါတယ်။ ကျွန်တော်တို့လည်း ဒီထဲမှာ ဆွေးနွေးရတာ သိပ်အားမရဘူး။ နောက်ပြီး..ဆွေးနွေးအကြံပြုတဲ့နေရာမှာ...အဲဒီဒေသရဲ့ အဓိကပြသနာက ဘာလဲဆိုတာကို သိဖို့လိုပါမယ်။ အဲဒီ Root cause ကို ဖြေရှင်းလိုက်ရင် နောက်ထပ် တခြားသော ဘယ်လိုမျိုး ပြသနာတွေကိုပါ ပြေလည်သွားမယ်ဆိုတာအထိပေါ့။ ဒီနေရာမှာ ကျွန်တော်အဓိက ပြောချင်တာက ဒီအပူပိုင်းဇုံရဲ့ အဓိကပြသနာက ဘာလဲလို့မေးရင် Soil ပဲ။ အဲဒါပေါ်ကို အခြေခံပြီးတော့မှပဲ..Inter Cropping pattern, drought tolerant variety, water harvesting, crop rotation, တွေကိုလုပ်ခြင်းက ပိုပြီး effective ဖြစ်လာမှာပါ။ ဒါတွေကို Influencing factor ဖြစ်တဲ့ Soil ပိုင်းကို အဓိက မဖြေရှင်းလို့ မရပါဘူး။ ကျန်သည့် နည်းစနစ်များကို ကျွန်တော်အနေနဲ့ စိတ်မပူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိုက်ပါလုပ်ဆောင်ဖို့ လွယ်ကူလို့ပါပဲ။ ဒါပေမယ့် သဘာဝမြေဆွေး၊ နွားချေး၊ ဆိတ်ချေးတွေကို ထည့်သွင်းခြင်း သစ်စိမ်းမြေသြဇာကြွေးခြင်း စတာတွေဟာ..တကယ့်တကယ်မှာတော့ တောင်သူတွေက လုံလောက်တဲ့ ပမာဏကို မလုပ်နိုင်၊ မထည့်သွင်းနိုင်ကြပါဘူး။ သစ်စိမ်းမြေသြဇာကြွေးခြင်းကိုလည်း မလုပ်နိုင်ကြပါဘူး။ အသီး၊ အဆံရသည်အထိ ထားပြီး၊ လူစာအတွက် အသုံးပြုရတယ်။ အပင်ကို နွားစာအတွက် ရိတ်ကြွေးရတယ်။ နွားကို ရိတ်မကြွေးရင်တောင် အပင်က ခြောက်ပြီး၊ ပျောက်တောင်နေပြီ။ ဒါက တကယ့် လက်တွေ့အခြေအနေမှာပါ။ Organic Matter တွေကို အကွက်တစ်ကွက်ထဲမှာ လုံလောက်အောင် ထည့်သွင်းပြီး ရလဒ်တဲ့ Result ကောင်းတွပေါ် အခြေခံပြီး မူဝါဒတွေထဲမှာ ထည့်သွင်းရေးဆွဲဖို့ ဘယ်လိုမှ အဆင်ပြေနိုင်မယ် မထင်ပါဘူး။ အဲဒီတော့ တကယ် Reality အခြေအနေပေါ်မှာ အခြေခံပြောရမယ် ထင်ပါတယ်။ လူသားတွေအနေနဲ့ စိုက်ပျိုးထုတ်လုပ်ရန် အတွက် မြေကြီးသည် မရှိမဖြစ်လိုအပ်သော အရာပင်ဖြစ်ပါတယ် ထို့ကြောင့် မြေဆီလွှာပျက်စီးဆုံးရှုံးတဲ့ အကြောင်းကိုစတင်လေ့လာရမှာ ဖြစ်ပါတယ် လက်ရှိစိုက်ပျိုးမြေများအနေဖြင့် ကျန်းမာသန်စွမ်းသော မြေဆီလွှာဖြစ်နေမယ်ဆိုရင် ကျန်းမာသန်စွမ်းတဲ့ အပင်များ ရရှိနိုင်မှာဖြစ်ပါတယ်။ မြေဆီလွှာထိန်းသိမ်းမှု ညံ့ဖျင်းရခြင်းအကြောင်းအရင်းများမှာ- 1. ရေကြောင့် 2. လေကြောင့် 3. နေကြောင့် 4. လူသုံးပြုသော ဓါတုပစ္စည်းများကြောင့် 5. သီးနှံပြောင်းလဲစိုက်ပျိုးမှုမရှိသောကြောင့် 6. မြေသားပေါင်းစည်းမှု လျော့ရဲလာခြင်း မြေကြီးများစုပေါင်းထားခြင်း ဆိုသော်လည်း ရှိသင့်သည့်နေရာတွင် သူ့နေရာနှင့်သူ ပါဝင်သင့်သည့် နေရာတွင်စနစ် တကျရှိခြင်းကို (မြေသားပေါင်းစည်းမှု လျော့ရဲလာခြင်း) Aggregation ဖြစ်ပါတယ်. တောင်သူရဲ့တာဝန်မှာ မြေဆီလွှာထဲတွင်ရှိသော အရာများကို စနစ်တကျ ပါဝင်နိုင်အောင်ပြုလုပ်ရမည် မှာတောင်သူ တာဝန်ပင်ဖြစ်သည်။ မြေသားပေါင်းစည်းမှုလျော့ရဲလာခြင်းတို့ကြောင့် မြေဆီလွှာပိုမိုသိပ်သည်းလာပြီး ပက်ကြားအက်လာပါတယ်။ မြေဆီလာ ပက်ကြားအက်ခြင်းကြောင့် အပင်အမြစ်မထိုးဖောက်နိုင်ဘဲ သီးနှံ အထွက်နှုန်းကျလာမည်ဖြစ်သည်။ ကျန်းမာသန်စွမ်းသော မြေဆီလွှာရှိမှ ကောင်းမွန်သောသီးနှံကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ မြေဆီလွှာကိုကောင်းမွန်အောင်ပြုလုပ်ပေး သည့်အရာများမှာ ဓါတ်မြေသြဇာများ မြေဆီများ ဘက်တီးရီးယားများမှ ပြုလုပ်ပေးပါသည်။ မြေလို့ပြောလိုက်လျှင် ဘယ်လိုမြင်လဲ? မြေကြီးကို နှစ်မျိုးအနေနဲ့ ခွဲမြင်လို့ရပါတယ် 1. မြေကြီး 2. အညစ်အကြေး မြေကြီးလို့ပြောလိုက်လျှင် အညစ်အကြေးလို့လည်းပြောလို့ရပါတယ်။ စနစ်တကျအသုံးပြုလိုက်လျှင် အမှိုက်များကို ရှင်းအပြင်ပို့လိုက်မယ် ဆိုလျှင် မြေဆီလွှာ ကို ဖြစ်စေသည်။ ကြည့်လိုက်လျှင်တူညီပေမယ့် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ အမှိုက်ကို အပြင်ပို့လိုက်လျှင် အညစ်အကြေးဖြစ်ရုံသာဖြစ်ပြီး စနစ်တကျပြုလိုက်ပေးမှ မြေဆီလွှာ ဖြစ်ပါတယ်။ စိုက်လို့ရမှမြေဆီလွှာလို့ခေါ်ဆို နိုင်မည်ဖြစ်သည်။ မြေကြီးသည် အသက်ရှိ သူ့အထဲမှာရှိ ဘက်တီးရီးယားများ အသက်ရှိ စွန့်ပစ်ပစ္စည်း အညစ်အကြေးကို အပင်စိုက်လို့ရအောင်ပြုပြင်ပြောင်းလဲဖို့က တောင်သူတာဝန်ဖြစ်ပါတယ်။ မြေဆီလွှာအထဲမှ သက်ရှိများအကြောင်းနဲ့ အထွက်နှုန်းတွေ ဆက်စပ်မှုအကြောင်းကိုလည်း သိဖို့လိုအပ်မှာဖြစ်ပါတယ်။ အထွက်နှုန်းကောင်းအောင် လုပ်မယ် မြေဆီလွှာမပျက်စီးအောင် ပြုလုပ်မည်။ အချိန်ကြာလျှင် မြေဆီလွှာ ပျက်စီးသောကြောင့် ထုတ်လုပ်မှု ထွက်နှုန်းအားကျလာမည်ဖြစ်သည်။ မြေဆီလွှာ တိုက်စားခြင်းအကြောင်း- ယာမြေသည် စောင်းနေတယ် ရေကတိုက်စားလာပါတယ် အောက်ဘက်တွင် မြေဆီလွှာများ ရောက်ရှိသွားပါတယ်။ စိုက်ခင်းများကြည့်မည်ဆိုလျှင် အတန်းလိုက်စိုက် ထို့ကြောင့် အပင်အတွက် အဟာရသည် ရေနှင့်ပါသွား မြေဆီလွှာကို ရေတိုက်စားခြင်း လေတိုက်စားခြင်း ကြောင့်ပါသွားမည်ဆိုလျှင် ပြန်လည်ရရှိမည်မဟုတ်ပေ။ နည်းနည်းဆီဆုံးရှုံး တစ်နှစ်တွင် တစ်ဧက ၀.၀၂၅ လက်မ ဆုံးရှုံး မှုကို မသိသာသော်လည်း နှစ်ပေါင်း လေးဆယ် တွင် အများကြီးဆုံးရှုံးနေပါသည်။ မြေဆီလွှာတိုက်စားမှု ကို ၁ဧကလျှင် ၄၃၅၆၀ စတုရန်းပေရှိပြီး၊ လေတိုက်စားခြင်းကြောင့် မြေကြီးမြေဆီလွှာ ပျက်စီးဆုံးရှုံးနိုင်ပြီး လေသည်လည်း အလွန်ကြောက်ဖို့ကောင်းပါတယ် မြေဆီလွှာဆုံးရှုံးမှု ကိုဖြစ်ပေါ်သည့်နေရာတွင် အလယ်ပိုင်းတွင် လေကြောင့်တိုက်စားမှုရှိသော်လည်း အလွန်နည်းပါးပါတယ် အမေရိကန်ပြည်နယ် အိုင်ဟိုအာပြည်နယ် မြေဆီလွှာကောင်းမွန်သောကြောင့်ဖြစ်ပါတယ်။ လေကတိုက်စားခြင်း မပြုနိုင်အောင်မည်သို့ ပြုလုပ်နိုင်မည်လဲ။ လေကာပင်စိုက်ပျိုးခြင်း ပြုလုပ်နိုင်ပါတယ်။ (ဂလိုင်စီးဒီးယား၊ ဘောစကိုင်း၊ ပေါက်ပန်းဖြူ) ရေနှင့်ပတ်သတ်လာလျှင်လည်း လျှောစောင်းမြင့်သော ကုန်းမြေတွင် သီးနှံပင်ကို ကန့်လန့်ဖြတ်စိုက်ပျိုးရမည်ဖြစ် ပါတယ်။ ကွန်တိုကန်သင်းများပြုလုပ်ခြင်းနှင့်လည်း ဆောင်ရွက်နိုင် မည်ဖြစ်သည်။ ရေမှမြေဆီလွှာများကို မတိုက်စားအောင် ရေကို ဆုံးရှုံးမှု မဖြစ်ပေါ်အောင် မည်သို့ပြုလုပ်ရမည်လဲ? တောင်သူတွေက စပါးစိုက်ပျိုးသည့်နေရာတွင် ရေကိုထိန်းနိုင်အောင် ကန်သင်းပတ်ထားသည်ကို တွေ့ရသည်။ မြေပဲခင်းနှမ်းခင်းကို လုပ်ထားမှုရှိမရှိပါ။ ဆီထွက်သီးနှံတွင် ရေကိုထိန်းသိမ်းထားနိုင်ရန်အတွက် ပြုလုပ်မည်ဆိုလျှင် ကန်သင်းပတ်ခြင်း၊ ထယ်ရေးနက်နက်ထွန်ခြင်း၊ ကန့်လန့်ဖြတ်ထွန်ခြင်းပြုလုပ်နိုင်တယ်လို့ ဆိုကြပါလိမ့်မယ်။ မြေကြီးထဲတွင် အပင်များစွာ ရှိလျှင် ရေရောက်ရှိနိုင်သလို ယာခင်းပတ်လည်တွင် အပင်စိုက်ပျိုးခြင်းဖြင့် အပင်အမြစ်မှ ရောက်ရှိ သွားမည်ဖြစ်သည်။ သဘောမတူတဲ့အချက်ကတော့ ရေကိုထိန်းနိုင်ရန်အတွက် ထယ်ရေးနက်နက်ထွန်ခြင်းကို မပြုလုပ် စေလိုဘဲ ဖြစ်နိုင်လျှင် ထွန်ယက်ခြင်းမပြုလုပ် ပိုမိုကောင်းမွန်မည်ဖြစ်သည်။ မထွန်ဘဲနဲ့စိုက်ပျိုးခြင်း (NO Tillage) မိုးခေါင်သော ကြောင့် ရေကိုထိန်းနိုင်ရန်အတွက် ထွန်ယက်စိုက်ပျိုးရခြင်းဖြစ်ကြောင်း တောင်သူများက ရှင်းလင်းဆွေးနွေးကြပါတယ်။ မထွန်ဘဲနှင့်စိုက်မည် ဆိုလျှင် မည်သည်ကအခက်အခဲဖြစ်စေမည်လဲ။ တောင်သူများက အစေ့ချဖို့ခက်မည်။ ပေါင်းပင်များပေါက်ရောက်နိုင်မည်ဖြစ်။ အပင်ကြီးထွားမှု နည်းနိုင်ခြင်း။ ရေထိန်းသိမ်းမှုကို နည်းမည်ဖြစ်(ရေမစိမ့်ဝင်နိုင်)။ ပြသနာမျိုးဖြစ် ပြသနာ ၄ခုကို ဘယ်လိုဖြေရှင်းသလဲ။ Crop Residue benefits (သီးနှံ အကြွင်းအကျန်များ၏ အကျိုးကျေးဇူးများ) မီးမရှိုဖူး၊ အမှိုက်များကို မရှင်းထုတ်ခဲ့ပါက အမြင်အရကို မြေဆီလွှာအရမ်းကွာခြားပါတယ်။ အကြံပြုချက်များကို လိုက်လုပ်မယ် ဆိုလျှင် ပိုမိုကောင်းမွန်လာပါလိမ့်မယ်။ ကျွန်တော်တို့မြေကို မြေဆီလွှာပိုမိုကောင်းမွန်အောင်ပြုလုပ်ရမည်ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် စိုက်ပျိုးရေးပညာရှင်များက ရှာဖွေကြပါတယ်။ ဘာကြောင့်ထွန်ယက်နေရသလဲ ဆိုတာကို အဖြေအတိအကျ မရှိပါဘူး။ မြေဆီလွှာကို ထွန်ယက်ပြီးစိုက်ပျိုးကြပါတယ်။ အကြောင်းကတော့ ရေကိုထိန်းသိမ်းနိုင်အောင်၊ ပေါင်းပင် ရှင်းနိုင်အောင်၊ စိုက်ပျိုးရလွယ်ကူအောင် ပြုလုပ်ပေမယ့် သေချာသုတေသန ပြုလုပ်ခြင်း မရှိပါဘူး သမရိုးကျမို့သာ ထွန်ယက်စိုက်ပျိုးခြင်းဖြစ်ပါတယ်၊ စိုက်ခင်းကိုမထွန်ဘဲထားခဲ့မည်ဆိုလျှင် အစိုဓါတ်ကို ပိုမိုရရှိစေပါတယ် ဘာ့ကြောင့်လဲဆိုလျှင်၊ နေဒဏ်ခံနိုင်မယ်၊ ရေဒဏ်ခံနိုင်မည်ဖြစ်သည်၊ မှန့်ပါတယ် အပေါ်မှကာထားသောကြေင့် နေကတိုက်ရိုက်မထိစေဘဲ ခြောက်သွေမှုလျော့လာစေမယ် ဖြစ်ပါတယ်။ မိုးရွာမည်ဆိုလျှင် ရေအငွေ့ပျံခြင်း လျော့နည်းစေ သောကြောင့် အစိုဓါတ်ပိုမိုရရှိမည်ဖြစ်သည်။ ဘက်တီးရီးယားများ ကောင်းမွန်စွာရှင်သန်နိုင်မည်ဖြစ်သည်။ မြေကြီးထဲတွင် တီကောင်ရှိ မြေကြီးကိုပွအောင်ပြုလုပ်ပေး တီကောင်ရှိအောင်ဘယ်လိုလုပ်မလဲ အစိုဓါတ်ကို ထိန်းသိမ်းထားရမည်။ အပြောင်ရှင်းနေလှမ်းလိုက်မည် ဆိုလျှင် အပေါ်ယံတွင်မနေနိုင်တော့ပါ။ ကာဘာအုပ်ထားသောကြောင့် အစိုဓါတ်ကရှိနေမယ် တီကောင်က အပေါ်ယံမှာနေမယ် မြေကြီးကိုမွပေးမယ်။ အမှိုက်ကိုစားသုံးရှင်သန်မယ် မြေကြီးထဲတွင်ရှိသော အခြားဘက်တီးရီးယားများသည် လည်းစားသုံးရမည်ဖြစ်သည်။ တီကောင်ကမြေကြီးကို ပွအောင်လုပ်ပေးမယ် ဘက်တီးရီးယား ရှိနေ မိုးရွာသောအခါ ရေသည် အထဲကိုစိမ့်ဝင်မည်ဖြစ်သည်။ ထို့ကြောင့်မြေကိုမပူဘဲ၊ ပွနေသောကြောင့်လေလဲရှိမည်ဖြစ်သည်။ လေနှင့်ရေရှိခြင်းအားဖြင့် ကြာရှည်စွာ နေသောကြောင့် ထုတ်လုပ်မှုကို အကျိုးရှိမည်ဖြစ်သည်။ မီးမရှို့မထွန်မယက်ဘဲ စိုက်ပျိုးစေခြင်ပါတယ်။ မေးခွန်း - စပြုလုပ်မည်ဆိုလျှင် အစေ့တစ်စေ့မြေကြီးထဲတွင် လုံလောက်သော အနက်ကိုရောက်ဖို့နှင့် အပင်ပေါက်လာဖို့အတွင် အဓိကလိုအပ်မှု ဘာဖြစ်မလဲ? • အစိုဓါတ်လို • နေရောင်လို • အဟာရဓါတ်လိုမည်ဖြစ်သည် • ပြောင်းဖူးစေ့တစ်စေ့ ပဲစေ့တစ်စေ့ကို ကြည့်ပါ။ အစေ့ဘေးတွင် ပါဝင်သောအရာကို အသက် သန္ဓေသားလောင်းဖြစ်ပြီး ကျန်အပိုင်းသည် အဟာရ အစာပင်ဖြစ်ပါတယ်။ စေ့တစ်စေ့တွင် မြေကြီးမလိုဘဲ ပေါက်သောအပင်များရှိ ရေနှင့်အစေ့နဲ့သာရှိလျှင် အပင်ပေါက်နိုင် သောကြောင့် အဟာရလိုအပ်မှု မလိုအပ်ပါဘူး အစေ့ထဲတွင် ပါဝင်ပြီးသားဖြစ်ပါတယ် အပင်ပေါက်ရာတွင် အရည်အသွေးကောင်းသော မျိုးစေ့ရှိလျှင် လုံလောက်မည်ဖြစ်သည်။ အစေ့ကနေ အပင်ပေါက်ပြီးမှ အမြစ်ထွက်မှ အဟာရလိုအပ်မည်ဖြစ်သည်။ ကောင်းမွန်သောမျိုးစေ့ရှိမယ် အစိုဓါတ်ရှိမယ် နေရောင်ရမယ် အဟာရအနည်းငယ် ရှိနေမယ် ဆိုလျှင် မြေကြီးက အစေ့ကို ဖုန်းထားပေးဖို့လိုမည်ဖြစ်သည်။ မျိုးစေ့ကို မြေကြီးကဖုန်းအုပ်ပေးရမည်ဖြစ်သော်လည်း လိုအပ်သောနေရာကို ရောက်အောင် ဘယ်လိုလုပ်ရမလဲ? မျိုးစေ့ကို ဆူးထိုးစိုက်ခြင်းဖြင့် ပြုလုပ်နိုင်သော်လည်း အပေါ်မှိုက်ပွနေသော် မြေကြီးကပွနေတယ်။ ဆူးထိုးစိုက်မယ်ဆိုလျှင် လုပ်သားများစွာ ကုန်မည်ဖြစ်ပါတယ် ဒါကြောင့် တောင်သူများက ထွန်ခြင်းကိုပြုလုပ်စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ ၎င်းကိုဘယ်လိုအစေ့ချ စိုက်ပျိုးကြမလဲ မကောင်းတဲ့ အချက်ကတော့ စိုက်ပျိုးနေရာတွင် မလွယ်ကူပါဘူး။ စိုက်ပျိုးမည့်နေရာကို ကြောင်းဆွဲစိုက်ပျိုးခြင်းဖြစ်ပါသည်။ အခြားနိုင်ငံများတွင် စက်နှင့်စိုက်ပျိုးသော်လည်း မြေကြီးအစိုဓါတ်ထိန်းရန်နှင့် သက်ရှိဘက်တီးရီးယားများ ကာကွယ် နိုင်ရန် လိုအပ်ပါသည်။ ထွန်ယက်ရာတွင် ပုံတွင် ပြထားသည့် ဘန်းကိုသုံး အမှိုက်ကို မဖယ်ထုတ်ဘဲ လိုအပ်သလောက် ခွဲထုတ်သွားမည်ဖြစ်သည်။ မြေကြီးကို မဖြတ်ဘဲ ထိုးထည့်ခြင်းမျိုးမဖြစ်အောင် ဆိုလျှင် ဘန်းတွင် အသွားအနည်းငယ်တပ် မောင်းချိန်တွင် အမှိုက်ကိုခုတ် ပြီးပြန်တပ်လာချိန်တွင် မြေကြီးကိုမွပေးမည်ဖြစ်သည်။ စိုက်ပျိုးချိန်တွင် လုပ်သားလိုအပ်သော်လည်း ထွန်ယက်ချိန်တွင် ကုန်ကျစရိတ်သက်သာမည်ဖြစ်သည်။ မြေကြီးထဲတွင်ရှိနေမည်ဖြစ်သော ပေါင်းမျိုးစေ့များသည် အပင်နဲ့အတူတူ ပေါင်းပင်များပေါက်လာ မည်ဖြစ်သည်။ ပေါင်းမျိုးစေ့သည် မြေကြီးထဲတွင်ရှိနေပါတယ် အပင်ပေါက်သောမျိုးစေ့ကတော့ မြေကြီးထဲ ၁-စင်တီမီတာ၊ 2cm တွင်ရှိသော မျိုးစေ့သည်ပေါက် နိုင်မည်ဖြစ်ပြီး၊ ထိုးခွဲသောနေရာတွင် ရှိသော ပေါင်းပင်များ ထဲမှအနည်းငယ် သည်ပေါက်နိုင်မည်ဖြစ်သည်။ ပေါင်းထိုးခ သက်သာလာမည်ဖြစ်သည်။ ပဲစဉ်းငုံ အရွက်များကြွေသောနေရာတွင် ပေါင်းပင်ပေါက်ရောက်မှု မရှိတာကိုတွေ့ရမည်ဖြစ်သည်။ မြေကြီးထဲသို့ မျိုးစေ့ရောက်အောင်ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားထားရန် လိုအပ်မည်ဖြစ်သည်။ အထွက်နှုန်းကျဆင်းမည့်အကြောင်းအရင်းများ အနေဖြင့် မထွန်ဘဲစိုက်မည် အထွက်နှုန်းကျမည်ကို စိုးရိမ်သည်မှာမှန် ကန်ပါတယ် တွေးသင့်ပါတယ်။ လက်ရှိစိုက်ခင်းတွင် အပြောင်ရှင်းစိုက်ပျိုးကြခြင်းဖြစ်သောကြောင့်၊ လာမည့်နှစ်တွင် သီးနှံရိတ်ချိန်တွင် အမှိုက်ကို အပြောင်မရှင်းဘဲ ပြန်စိုက်မည်ဆိုလျှင် ထွက်နှုန်းကျရခြင်းအကြောင်းအရင်း ဘာ့ကြောင့်လဲဆိုလျှင် မြေကြီးကို အဟာရဓါတ်နည်း ပြုပြင်မှုအားနည်းနေသောကြောင့် အထွက်နှုန်းကျဆင်းမှု ကိုကြုံတွေ့ရကောင်း ကြုံတွေ့ရနိုင်ပါတယ်။ မထွန်ယက်ဘဲ ဘက်တီးရီးယားသည်အစာကို လိုမည်ဖြစ် နိုက်ထရိုဂျင် ရမှ အကောင်ပွားနိုင်မည်ဖြစ်သည်။ ပထမနှစ်တွင် အပင်ရမည့်နိုက်ထရိုဂျင် နည်းသောကြောင့် ထွက်နှုန်းကျမည်ဖြစ်သည် စိုက်ခင်းထဲကို နွားချေးလို မြေဆွေးအမှိုက်ဆွေး ပိုထည့်ရမည်ဖြစ်သည်။ မြေဆွေးချမည်ဆိုလျှင် အပင်မှတိုက်ရိုက်ယူသုံးခြင်းမဟုတ်ဘဲ နွားချေးမှပါလာသော အဟာရကိုတိုက်ရိုက် မရဘဲ ဘက်တီးရီးယားများမှ စားသုံးပြီးပြုပြင် သော အဟာရကိုစားသုံးရမည်ဖြစ်သည်။ အထွက်နှုန်းကျရခြင်းမှာ နွားချေးတွင်ပါဝင်သော ဘက်တီးရီးယားများကို ပထမနှစ်တွင် လိုအပ်သော တစ်နှစ်ထက်တစ်နှစ် အမှိုက်များချန်ထားခြင်းဖြင့် ပိုမို အထွက်နှုန်းကောင်းလာမည်ဖြစ်သည်။ မြေကြီးမှ အဟာရပြည့်သောကြောင့် ချက်ခြင်းမတက်လာဘဲ organic matter ၇ မတိုင်ခင် ၃% ၇နှစ်တွင် ၆% တက်လာတာကို တွေ့ရှိရပါသည်။ တောင်သူများပြုလုပ်ရမည်ကတော့ အပေါ်ယံမြေမှာ မွပြီး ဆွေးမြေ့သောမြေ၊ စိုက်ပျိုးကောင်းသော မြေဖြစ်အောင် ပြုလုပ်ပေးဖို့လိုအပ်မည်ဖြစ်သည်။
Khin La Pyaye Win's picture

Khin La Pyaye Win

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ ရာသီဥတုဒဏ်ကိုကြံ့ကြံ့ ခံနိုင်သော စိုက်ပျိုးရေးစနစ်အတွ က် ဒေသခံများ၏စွမ်း ဆောင်ရည်ပိုမိုအားကောင်းစေရေး Online ဆွေးနွေးပွဲကို ဧပြီလ (၂၈) မှ မေလ (၁၃) အထိ (၁၆) ရက်ကြာကျင်းပခဲ့ရာတွင် အားတက်သရော ဆွေးနွေးခဲ့ကြသည့် လူကြီးမင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း လေးစားစွာ ပြောကြား လိုပါသည်ရှင့်။ လူကြီးမင်းတို့ရဲ့ ဆွေးနွေးမှုများကြောင့်သာ Online discussion ဟာအသက်ဝင်ခဲ့တာပါ။ အခုအခါမှာ ဆွေးနွေးပွဲ ပြီးဆုံးပြီဖြစ်တဲ့အတွက်ကြောင့် ဆွေးနွေးပွဲ ရလဒ်များကို တစ်ဦးစီ၏ ဆွေးနွေးမှု အလိုက် အောက်ပါအတိုင်း အနှစ်ချုပ် ဖော်ပြပါရစေရှင့်။ ဆရာကိုစည်သူရှင့်---- Indigenous Best Practice နဲ့ပါတ်သက်၍ ဒေသရာသီတုနဲ့ လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးနည်းစနစ်များနဲ့ ပါတ်သက်၍ စံပြစိုက်ကွက်များကို ဆောင်ရွက်ခဲ့ပုံ၊ ဒီမကွေးတိုင်းဒေသရဲ့ အဓိက ပြသနာတွေဖြစ်တဲ့ မိုးခေါင်ခြင်း၊ ရာသီဥတုမမှန်ခြင်း တို့ကြောင့် စံပြစိုက်ကွက်များတွင် နှမ်းသီးနှံနှင့် ပဲစဉ်းငုံ သီးနှံအား သီးညှပ်စိုက်ပျိုးခြင်းအား ဆောင်ရွက်ခဲ့ပုံ၊ ပြီးခဲ့သည့်နှစ်၊ သြဂုတ်လတွင် မိုးရွာသွန်းမှုများပြားခဲ့ခြင်းကြောင့် အချို့သောနှမ်းခင်းများမှာ ရေအိုင်/ ဝပ်ခြင်းကြောင့်၊ နှမ်းပင်များပွင့်သီးချိန်တွင် မိုးသည်းထန်စွာရွာသွန်းခြင်း တို့ကြောင့် အထွက်နှုန်းများကျဆင်းခဲ့ရပုံ၊ သို့သော် ပဲစဉ်းငုံနှင့် သီးညှပ်စိုက်ပျိုးခဲ့သည့် တောင်သူများမှာ နှမ်းအထွက် လျော့နည်းခဲ့သော်လည်း ပဲစဉ်းငုံမှာ အထွက်နှုန်း မှန်ခဲ့သောကြောင့် စိုက်စရိတ်ကာမိသည့်အပြင် အကျိုးအမြတ်များလည်း ရရှိခဲ့ပုံတို့ကို ဆွေးနွေးတာဟာ အလွန်အားရစရာ ကောင်းလှပါတယ်။ သီးနှံကို တစ်မျိုးတည်း (Mono cropping) အနေနဲ့ မစိုက်ပျိုးဘဲ၊ ပဲစဉ်းငုံကဲ့သို့သော ရာသီဥတုဒဏ်ခံနိုင်သော သီးနှံမျိုးကို သီးညှပ်အနေဖြင့် အပူပိုင်းဇုံတွင် ထည့်သွင်းစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်းအပြင်၊ ပဲစဉ်းငုံပင်မှ ထွက်ရှိလာသော အစိတ်အပိုင်းများအားလုံးသည် နွားစာ၊ လောင်စာထင်း စသည့်ကိစ္စများတွင် အသုံးပြုနိုင်ခြင်းကြောင့် တောင်သူများအတွက် အကျိုးမြတ်ကိုဖြစ်ပေါ်စေကြောင်းလည်းလေ့လာခွင့်ရသောကြောင့် ကျေးဇူးအထူးတင်ပါသည်။ မြေဆီလွှာကို ပြုပြင်နိုင်ဖို့က အဓိကအရေးဆုံးဆိုတာလည်း သိရပါတယ်။ မြေကြီးထဲမှာရှိသော သစ်ဆွေးဓါတ်ပါဝင်မှုကို လွှမ်းမိုးနေသော/မူတည်နေသော အချက်များ များစွာရှိကြောင်း၊ မြေဆီလွှာကို ထယ်ထိုးထွန်မွှေ၍ စိုက်ပျိုးသောအခါ သစ်ဆွေးဓါတ်ပါဝင်မှု လျော့နည်းကျဆင်းသွားစေတာကြောင့် တောင်သူတွေက အဲဒီယုတ်လျော့သွားတဲ့ သစ်ဆွေးဓါတ် တွေကို ဘယ်လိုနည်းနဲ့ လုံလောက်အောင် ပြန်လည် ဖြည့်တင်းနိုင်ပါမည်လဲ? ထွန်ယက်မှု အနည်းဆုံး Minimum Tillage စနစ်ကို ကျင့်သုံးပြီး သီးနှံ အကြွင်းအကျန်များကို မြေဆီလွှာပေါ်မှာ ဖုံးအုပ်ပြီး စိုက်ပျိုးခြင်းနည်းဖြင့် မြေဆီလွှာ တွေတိုးတက် ကောင်းမွန်လာအောင် ပြုလုပ်ရင်ရော မဖြစ်နိုင်ဘူးလား ဆိုပြီး မေးခွန်းလေးတွေနှင့် ဆွေးနွေးပေးသွားတာဟာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ Inter Cropping pattern, drought tolerant variety, water harvesting, crop rotation, တွေကိုလုပ်ခြင်းက ပိုပြီး soil ကို effective ဖြစ်လာစေနိုင်တယ်ဆိုတာတွေ၊ သဘာဝမြေဆွေး၊ နွားချေး၊ ဆိတ်ချေးတွေကို ထည့်သွင်းခြင်း သစ်စိမ်း မြေသြဇာကြွေးခြင်း စတာတွေဟာ..တကယ့်တကယ်မှာတော့ တောင်သူတွေက လုံလောက်တဲ့ ပမာဏကို မလုပ်နိုင်၊ မထည့်သွင်းနိုင်၊ သစ်စိမ်းမြေသြဇာကြွေးခြင်းကိုလည်း မလုပ်နိုင်ကြတာတွေ အသီး၊ အဆံရသည်အထိ ထားပြီး၊ လူစာ အတွက် အသုံးပြုရပုံတွေ Organic Matter တွေကို အကွက်တစ်ကွက်ထဲမှာ လုံလောက်အောင် ထည့်သွင်းပြီး ရလဒ်တဲ့ Result ကောင်းတွေပေါ် အခြေခံပြီး မူဝါဒတွေထဲမှာ ထည့်သွင်းရေးဆွဲလျှင် ဘယ်လိုမှ အဆင်ပြေနိုင် မှာ မဟုတ်ဘူး ဆိုတာလည်းလေ့လာရပါတယ်။ တောင်သူများပြုလုပ်ရမည်ကတော့ အပေါ်ယံမြေမှာ မွပြီး ဆွေးမြေ့သောမြေ၊ စိုက်ပျိုးကောင်းသော မြေဖြစ်အောင် ပြုလုပ်ပေးဖို့လိုမယ်ဆိုတာတွေ ဆွေးနွေးသွားတာ အရမ်းကို မှတ်သားစရာ ကောင်းပါတယ်။ မျိုးစေ့နှင့်ပတ်သက်၍ ဒေသတွင်းမှာ ဒေသရာသီဥတုနှင့် လိုက်ရောညီထွေဖြစ်သော မျိုးများက ဒေသတွင်း မှာရှိနေတယ် ဆိုတာရယ် အဲဒီ ဒေသမျိုးရင်း တွေကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်နေကြောင်း ပြောသွား တာလည်း မှတ်သားရပါတယ်။ အဲဒါကြောင့် ဒေသမှာရရှိနေသော Indigenous/ Local Seed တွေကို အဓိကထား Modify လုပ်ပြီး ဒေသရာသီဥတုနဲ့ ကိုက်ညီသော မျိုးတွေကို ထွက်ရှိလာအောာင် ထိထိရောက်ရောက် ဆောင်ရွက်ပေးလျှင် အဆင်ပြေနိုင်မယ်ဆိုတာ ထပ်လောင်းသိရှိရပါတယ်။ ဆရာ U Kyaw Swe Lin ရှင့်- ဆွေးနွေးမှု အတွက် ကျေးဇူးပါ ဆရာ။ ရိတ်သိမ်းပြီးနောက်ပိုင်း ထယ်ထိုးခြင်းရဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့ မုတ်သုံသီးနှံစိုက်ပျိုးမှုအတွက်ကောင်းမွန်ခြင်း၊ မြေဆွေးထည့်ခြင်းတမျိုးဖြစ်ခြင်း၊ Inter-cropping ကိုကျင့်သုံးတဲ့အခါမှာလည်း အပူပိုင်းဒေသ အတွင်းမှာကိုပဲ မြေအမျိုးအစား အလိုက် သီးနှံများကို ရွေးချယ် တတ်ဖို့ လိုကြောင်းလည်း လေ့လာရပါတယ်။ လယ်ယာလုပ်ငန်း မဟုတ်တဲ့ တခြားပြင်ပ အလုပ်တွေဟာလည်း အလုပ် အကိုင် အခွှင့်အလမ်း ဖန်တီးခြင်း ဖြစ်တဲ့အတွက် လူငယ်လူရွယ်တွေ ပြည်ပကိုသွားရောက် အလုပ်လုပ်တဲ့ နှုန်းထားကို လည်းလျှော့ပြီးသားဖြစ်တယ်ဆိုတာ ဆရာ့ ဆွေးနွေးမှု အရ သိရပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဖက် လုပ်သင့်ကြောင်း၊ ဇီး၊လျှော်ဖြူ၊ သနပ်ခါး များဟာ Dry Zone နှင့် သင့်တော်ကြောင်းသိရသောကြောင့် ဆရာ့ကို အထူး ကျေးဇူးပါဆရာ။ Myanmar Climate Smart Agriculture Strategy ကို Share တဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောပါရစေ ဆရာ။ ဆရာ ဦးဌေးနိုင်ရှင့်- ဆရာတို့အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းရည်မှန်းချက်တွေအရ မျိုးစေ့နှင့် စိုက်ပျိုးရေးမွေးမြူရေးသွင်းအားစု အချို့ထောက်ပံ့တာတွေအပြင် မြေဆီလွှာထိန်းသိန်းရေးနှင့် ရေရရှိရေး လုပ်ငန်း တွေကိုပါဆောင်ရွက်နေတယ်ဆိုတာသိရတဲ့အတွက် ဂုဏ်ယူပါတယ်ဆရာ။ လုပ်ထားခဲ့သမျှတွေထဲမှာ မြေဆီလွှာ ထိန်းသိမ်းရေးက ပိုမိုအရေးကြီးနေတယ်ဆိုတဲ့အကြောင်း၊ မြေဆီလွှာတွေ တနေ့တခြားပိုပို ပျက်နေတာ၊ ရာသီဥတု ပြောင်းလဲမှုကို ဘယ်လိုကြံ့ကြုံခံကြမလဲ ဆိုတဲ့ အရေးကြီးလှတဲ့ အချက်တွေကို ဒီဆွေးနွေးပွဲကနေ မျှော်လင့်တယ် လို့ဝင်ရောက်ဆွေးနွေးသွားတဲ့အတွက် ကျေးဇူးပါဆရာ။ Crop rotation ရဲ့ အကျိုးရလဒ်များအကြောင်း ဆွေးနွေးပေးသွားသော Ko Kyaw Soe Than ကျေးဇူးပါ။ ဒီစနစ်ဟာ Dry Zone အတွက် အင်မတန် အကျိုးများမယ်လို့ ယုံကြည်ပါတယ်။ ဆရာဦးကိုလွင်ရှင့်- ကျွန်မတို့ရဲ့ Online ဆွေးနွေးမှုရဲ့ Limitations တွေနှင့်ပတ်သက်ပြီး အကြံပေးဆွေးနွေးပေး သွား တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ဆရာ။ ကျွန်မတို့အဖွဲ့အနေနှင့် ဒီ ဆွေးနွေးပွဲဟာ အစိုးရနှင့် အရပ်ဖက် လူ့အဖွဲ့ အစည်းတွေအကြား မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ ရာသီဥတု ဒဏ်ကိုကြံ့ကြံ့ခံနိုင်သော စိုက်ပျိုးရေးစနစ်နှင့် ပတ် သက်တဲ့ အကြံဉာဏ်များ၊ အလေ့အကျင့်ကောင်းများကို ဖလှယ်နိုင်တဲ့ အရာလေးတစ်ခု အဖြစ်သာ ယူဆခဲ့ကြတာဖြစ် တယ်ဆိုတာကိုလည်း ဆရာဆီပြန်လည်အကြောင်းပြန်ပြီးပြီဖြစ်တာကြောင့် ဆရာနားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ ဆွေးနွေးပွဲ ရလဒ်များကို ဘယ်လိုဘယ်ပုံ အကောင်အထည် ဖော်သင့်တယ်ဆိုတာနှင့် ပတ်သက်ပြီး ဆရာ့ရဲ့ အကြံပေးမှုများကိုလည်း မှတ်သားထားပါတယ်ဆရာ။ ဆရာကိုကျော်လင်းဦးရှင့်- World Vision ၌ တာဝန်ထမ်းဆောင်စဉ်က FMNR(Farmer-Managed Natural Regeneration-လယ်သမားစီမံခန့်ခွဲသော သဘာဝမြေဆီလွှာ ပြန်လည်ကောင်းမွန်စေခြင်း) ကို ၂၀၁၂ ကတည်းက ရေနံချောင်း နှင့် ချောက် Area Development Program မှာ activity တခုနေနဲ့ ကျေးရွာဖွံ့ဖြိုးရေး တွေမှာ လုပ်ဆောင် ခဲ့တယ်ဆိုတဲ့အကြောင်း Share ပေးသွားတဲ့အတွက် ကျေးဇူးပါဆရာ။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများရှိ ပျက်စီးသွား သော မြေဆီလွှာများကို ပြန်လည်အသုံးပြုနိုင်စေနိုင်သောစနစ်တစ်ခု အကြောင်းလေ့လာခွင့်ရတဲ့ အတွက်အရမ်း ဝမ်းသာ ပါတယ် ဆရာ။

Leave Your Comments

Log in or register to post comments